PTS PARAGON - Music

Pensacola's greatest treasure lies in its art.

PTS Music Blog

အယောင်ဆောင်သူ

ဟန်လင်းဋ္ဌေး Posted by ဟန်လင်းဋ္ဌေး at 06:15 AM on November 07, 2009
ဗုဒ္ဓဘာသာဝင် နာမည်ကြီးဗေဒင်ဆရာတစ်ယောက် ၊ အခုတော်တော်လဲနာမည်ကျော်ရေပန်းစားနေပြီး နှစ်စဉ် အဆင့်မြင့်ရောင်စုံ လက်ဆောင်ဗေဒင်စာအုပ်လှလှလေးတွေထုတ်ဝေရောင်းချနေတယ် ၊ အင်္ဂလိပ်စကားလုံးတွေကိုလဲ အလျဉ်းမသင့်သင့်အောင်ထည့်ရေးတတ်တယ်လို့ပြောရင် လူတိုင်းရိပ်မိမှာပါ......နာမည်တော့မဖော်ပြတော့ပါဘူး..... အဲဒီ ဗေဒင်ဆရာမှာ ဇနီး ၊ သား နဲ့ သမီးရှိတယ်.....ဇနီးကလဲ အမြဲလိုလို လှလှပပ ၀တ်စားဆင်ယင်နေထိုင်တတ်တယ်.... သားကတော့ ခမ်းနားကြီးကျယ်လှတဲ့ ပညာတွေသင်ယူဖို့ ရေမြေရပ်ခြားကို သွားပါတယ်.... သမီးကတော့ မြန်မာနိုင်ငံရဲ့ ရခဲလှစွာသော တက္ကသိုလ် မှာ ပညာသင်ရင်း ကြင်ယာရှာနေပါတယ်(စာရေးသူ၏ သေချာသောသတင်းဖြစ်ပါတယ်....လျှာရိုးမရှိတိုင်း လျှောက်ပြောနေခြင်းမဟုတ်ပါ)......အဲဒီလိုအရာရာ ပြည့်စုံချမ်းသာနေတဲ့ မိသားစုမှာ ငွေရေးကြေးရေးကလဲ ဘာမှပြောနေဖို့လိုမယ်မထင်ပါဘူး... အတိုင်းထက်အလွန်ပေါ့.......မြန်မာနိုင်ငံမှာ "ဒါဘာကားပဲဟေ့"လို့ အမည်မတပ်နိုင်တဲ့ ကားကောင်းကြီး ၃ စီးလဲ ပိုင်သေးတယ်... ဒါပေမယ့် အဲဒီမိသားစုမှာ ဘယ်သူမှမယုံနိုင်တဲ့ ၊ ဘယ်ဗုဒ္ဓဘာသာဝင်မျှလုပ်ဖို့မပြောနဲ့...စိတ်နဲ့တင်မတွေးဆနိုင်တဲ့ လူမဆန်တဲ့လုပ်ရပ်ကို တစ်မိသားစုလုံး လုပ်နေကြတယ်...... အဲဒီမိသားစုမှာ အသက် ၉၄ နှစ်ခန့်ရှိတဲ့ မိခင်အိုကြီးရှိတယ်... မိခင်အိုဆိုတာလဲ ပေါ့သေးသေးမထင်လိုက်ပါနဲ့.....ယခင်အရွယ်ကောင်းစဉ်တုန်းက အင်္ဂလိပ်စာအထက်တန်းပြဆရာမပါ..... ယခုထက်တိုင်သတိကောင်းတုန်း..အင်္ဂလိပ်စကားကို သွက်သွက်လက်လက် မှန်ကန်မြန်ဆန်စွာ ပြောနိုင်နေတုန်းပါ....အသက်ကြီးလို့ မျက်စေ့ကတော့ တော်တော်မကောင်းတော့ပါဘူး.... ထိုကျေးဇူးရှင်မိခင်ကြီးကို ကျေးဇူးဆပ်သည့်အနေနှင့်လားမသိ...ကားဂိုဒေါင်အပေါ်ထပ်က ကော်ဇောအစုတ်အပြတ်ခင်းထားတဲ့ အခန်းဟုပင်သတ်မှတ်ရခက်တဲ့ နေရာမှာ တစ်ယောက်တည်းနေခိုင်းတယ်တဲ့.....မိတ်ဆွေစဉ်းစားကြည့်...အသက် ၉၄ နှစ်အမေအိုကြီးနေတဲ့နေရာကို သားလုပ်တဲ့သူက တစ်လနေမှတစ်ခါမလာဘူး.....နေခိုင်းတော့လဲ အိမ်ဖော်တွေနဲ့တူတူ...စားရတဲ့ ထမင်းကျတော့လဲ အိမ်ဖော်တွေနဲ့တန်းတူ ဆန်ကြမ်း..... ဟင်းကျတော့လဲ တစ်လမှ ငါးရက်ပေးတယ်တဲ့....ကြားလို့မှကောင်းကြရဲ့လား...ပေးရင်လဲ တစ်နေ့လုံးအတွက် ဘဲဥတစ်ခြမ်း.... အမေအိုကြီးက အဲဒီဘဲဥတစ်ခြမ်းကို မနက်လေးပုံတစ်ပုံ ၊ ညလေးပုံတစ်ပုံ ခွဲစားရတယ်....အသားဟင်း ၊ ဟင်းရွက်ကြော်နဲ့စားရဖို့နေနေသာသာ...တစ်လကိုဟင်း ၅ ကြိမ်ပေးဖို့ပင် ၀န်လေးနေကြတယ်....ဒီ ၉၄ နှစ်ရှိတဲ့ အဖွားအိုကြီးက ဘယ်လောက်စားနိုင်မှာလဲ....တစ်ခါတစ်ခါ အကြွင်းအကျန် ဟင်းသိုးဟင်းကျန်တွေကို အိမ်ဖော်တွေကိုချကျွေးမှ အမေအိုကြီးကစားခွင့်ရတယ်.... ဟင်းရတဲ့ ၅ ရက်ကလွဲလို့ ကျန်တဲ့ရက်တွေမှာ အမေအိုကြီးကသူ့ပိုက်ဆံနဲ့သူ ဟင်းဝယ်စားရတယ်...အသက်ကကြီးပြီဆိုတော့ ထမင်းဆိုင်က ဟင်းတွေဘယ်စားနိုင်မလဲ..... ဟင်းဝယ်စားတဲ့ပိုက်ဆံကိုလဲ သူတို့ပေးတယ်မထင်လိုက်နဲ့.... သူတို့ခွေးကျင့်ခွေးကြံကြံနေတာကို မကြည့်နိုင်တဲ့ ဆွေမျိုးတွေကန်တော့ထားတဲ့ပိုက်ဆံတွေပါ....အမေအိုကြီးက အိမ်ဖော်တွေနဲ့တူတူနေရလို့ အိမ်ဖော်တွေက ပြုစုတယ်မထင်ကြပါနဲ့...အိမ်ဖော်တွေစားဖို့ဆန်ကြမ်းကို Rice Cooker နဲ့ချက်ပေးရတယ်...မျက်စေ့မမြင်ရတဲ့ကြားထဲ အိမ်ဖော်တွေစားဖို့အတွက်ပါချက်ရတယ်ဆိုတော့..... ဒီလိုဒဏ်တွေကိုခံရလို့ အမေအိုကြီးမှာလဲ တဖြည်းဖြည်းပိန်လာပါတယ်....ဒီအကြောင်းတွေကိုသိတဲ့ဆွေမျိုးတွေကတော့.... တစ်လတစ်ခါ အမေအိုကြီးအတွက် အသားဟင်း ၊ အခြောက်အခြမ်း ၊ သုံးဖို့ငွေပေးကြတယ်လို့ကြားရပါတယ်..... အမျိုးတွေကပေးလို့ဒီလိုလုပ်နေလေသလားတော့မသိ ၊ ဒါပေမယ့်... ဒီလိုလုပ်ရပ်က ရိုင်းရိုင်းပြောရရင် သူတောင်းစား ၊ ခွေး ၊ တိရစ္ဆာန်တွေတောင်လုပ်မယ့် လုပ်ရပ်မဟုတ်ပါဘူး.....ဘယ်လောက်ပဲဆင်းရဲမွဲတေပါစေ ၊ မိဘကိုဒီလိုလုပ်ကြမှာမဟုတ်ပါဘူး....ကံကြီးထိုက်မှာမကြောက်ကြဘူးလားမသိဘူး.....မြေမြိုကြပါစေ....... စာရေးသူ ရေးထားတာကိုတော်တော်နဲ့ယုံကြမှာမဟုတ်ပါဘူး...... စာရေးသူတောင် မယုံနိုင်လောက်အောင် ရွံရှာစက်ဆုပ်မုန်းတီးခဲ့ရပါတယ်...... ဒီအကြောင်းကို လူအများသိအောင် ဒီ Mail ကို Forward လုပ်ကြပါ.... ဒီဗေဒင်ဆရာကိုလဲ ဘယ်သူလဲသိရင် ဝေးဝေးကရှောင်ကြပေါ့....... "မိဘကျေးဇူးသိသူတိုင်း မိဘကျေးဇူးဆပ်နိုင်ကြပါစေ" ဟုဆုတောင်းရင်း.............

Categories: None

Post a Comment

Already a member? Sign In

0 Comments

Membership Center:

Member Shuffle:

ajennaif 

Music Menu:

Recent Forum Posts:

Recent Photos:

 

Recent Videos:

Upcoming Dates:

Friday, Nov 27, All day
Wednesday, Mar 3, All day
Wednesday, Jun 16, All day
Tuesday, Oct 12, All day

Friend, Follow & Shop:


Royal Merchandise


MySpace


Twitter


PTS LIVE!


Behind the Scenes
with The Queen


Website Developments